တွေးမိတိုင်း ရင်နာရလေ
ဒို့အမျိုးတွေ အားမတန်မာန်တော့မလျော့ပဲ
ဇွဲနဲ့သတ္တိပြောင်လှပေတယ်
အမျိုးကိုချစ် အသက်ပေးဝံ့သူတွေပါရယ်
ဘယ်လိုတိုင်းသားဘာလူမျိုးမျှဝင်မရောက်လေအောင်
စွမ်းလောက်ပေတယ်စွမ်းလောက်ပေတယ်....................
ဒါတို့တိုင်းတို့ပြည်တို့ကာကွယ်မည်
မြင့်မြတ်တဲ့ဂုဏ်ကျက်သရေ
ကျူပ်တို့ရဲ့ရွှေထီးရွှေနန်းခေတ်ဆန်းသလေ
ဒီသီချင်းလေးလိုပဲအားလုံးအမျိုးဂုဏ်တက်အောင်လုပ်ဆောင်ပါစို့၊အပျော်အပါးမှိုင်းမိနေပါစေ
နိုင်ရာဘက်ကနေပြီးနိုင်ငံဝန်ကိုနေရာမရွေးထမ်းဆောင်ကြပါစို့.............။
စိတ်ရှိတိုင်းသာ
Sunday, June 17, 2012
စိတ်ရှိတိုင်းသာ
တကယ်ပြောတာပါ လူပဲစိတ်ကတော့ရှိတာပေါ့ ဒါပင်မဲ့ရောက်ရှိတဲ့နေရာအချိန်လေးတွေကိုကြည့်ပြီးမနည်းထိန်းနေရတယ်
ဟိုတလောကပဲကြည့်ကောင်မလေးသေတယ်ဆိုတဲ့သတင်းလေးကြားမိတယ်
အဲဒီကစတာပဲအွန်လိုင်းကပြောဟိုကပြောဒီကပြောတာတောင်တုတ်တုတ်မလှုပ်ဘူး
အဲသူများတွေလူ၁၀ယောက်ကိုလုပ်တယ်လဲဆိုကောအဲမှာပြဿနာစတက်တော့တာပဲ
ဒီလိုလုပ်ရမလားဆိုပြီးတော့ဟိုလူလိုက်ဖမ်းဒီလူလိုက်ဖမ်းကြတာပေါ့လေ
တော်တော်တရားလဲရပါတယ် ဒီနိုင်ငံရဲ့လူမျိုးအပေါ်ဂရုတစိုက်ကာကွယ်ထိန်းသိမ်းမှုကိုပေါ့
သူများနိုင်ငံတွေမှာဆိုရင်တရုတ်ကြည့်မလားထိုင်းကြည့်မလားသူတို့လူမျိုးအတွက်ကာကွယ်ပေးထားတယ်
ကျွန်တော်တို့ဒီမှာတော့ကာကွယ်ဖို့ဝေးစွနိုင်ငံခြားဆိုတာလေးကြားတာနဲ့အထင်တွေကြီးခိုင်းလေးစားခိုင်းတယ်
ဒီတော့သူများနိုင်ငံမှာသွားနေတဲ့လူတွေကကောဒီနိုင်ငံလိုမျိုးနိုင်ငံခြားသားကိုအလေးပေးဆက်ဆံလို့လား
ဆက်ဆံတဲ့နိုင်ငံလေးရှိပြောကြစမ်းပါ ဒီလိုနိုင်ငံမျိုးလေးတနိုင်ငံရှိသေးတယ်ဆိုပြီးဖြေသိမ့်လိုက်ချင်ပါရဲ့
ကိုယ်အမျိုးကိုယ်ချစ်ကိုယ်နိုင်ငံကိုယ်မြတ်နိုးတွယ်တာချင်တဲ့ဒီနိင်ငံသားတွေကခုတော့နိုင်ငံရဲ့အုပ်ထိန်းသူတွေ
ရဲ့စနစ်ရိုက်ခတ်မှုဒဏ်ကိုကြောက်ပြီးအဝေးတနေရာမှာသွားရောက်လုပ်ကိုင်စားသောက်နေကြရတယ်
တွေးမိလေလေ ရင်ထဲမကောင်းလေလေပါပဲ ဒီတော့စိတ်ရှိတိုင်းသာလုပ်လိုက်ရင်တော့ဆိုတာလေးကတော့ ခုတချို့လူတွေရဲ့စိတ်ရှိတိုင်းလုပ်ဆောင်မှုအပေါ်ခံစားနေရတဲ့သူတွေအစားပြောချင်မိတယ် နည်းနည်းလောက်ကိုယ်ချင်းစာကြည့်ပါ မိမိနိုင်ငံသားတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာ
ခုဆိုရင်သူတို့စိတ်ရှိတိုင်းလုပ်ဆောင်မှုကြောင့်ပျက်စီးနေတဲ့သူတွေလမ်းမှားရောက်သွားတဲ့သူတွေတပုံကြီးပါပဲ
ပြန်လည်ပြင်ဆင်ဖို့အချိန်မနှောင်းသေးခင်ပြန်လည်ပြင်ဆင်ပါလား စနစ်ရဲ့ရိုက်ခတ်မှုတွေကိုနောင်လာမဲ့
မျိုးဆက်သစ်တွေအပေါ်မကျရောက်စေချင်ဘူး ဒီတော့သိပ်မပြောချင်ဘူး စိတ်ရှိတဲ့အတိုင်းပြောရရင်
စနစ်ဆိုးကြီးအားအချိန်မှီပြုပြင်ပြောင်းလဲပြီး နိုင်ငံသားများအပေါ်လေးစားကာကွယ်ပေးဖို့လိုတယ်
နိုင်ငံအတွင်းနေထိုင်သောနိုင်ငံသားဖြစ်ပါလျှက်နဲ့အခြားကလာတဲ့သူတွေကိုဦးညွှတ်ရတာတွေ
ဦးစားပေးနှိမ်ချခံရတာတွေကိုပြောင်းလဲပေးရန်နှင့် အချိန်မှီမပြောင်းလဲပါက စိတ်ရှိအတိုင်းလုပ်ဆောင်မိကြ
မှာပါပဲ သာဓက-တခုကိုပြောရမယ်ဆိုရင်ခုဖြစ်ပေါ်လာသောရခိုင်အရေးကိုပဲပြရမှာပါပဲ
မိမိနိုင်ငံသားအပေါ်မလေးစားမှု၊အချိန်မှီမကာကွယ်ပေးနိုင်မှု၊နိုင်ငံတကာအပြောကိုစောင့်ပြီးနိုင်ငံသားများအား
ဖိနှိပ်မှုတွေကိုပြုလုပ်ခဲ့တာပါပဲ ဒီလိုသာဓကမျိုးသိထားသလို နိုင်ငံသားများကိုထိခိုက်စေသူတွေရဲ့လုပ်ဆောင်ချက်အတိုင်း စံနမူနာအနေနဲ့ယူဆောင်လိုက်မယ်ဆိုရင်ဘာတွေဖြစ်မလဲတွေးတောင်မကြည့်ရဲဘူးနော်
အတုမြင်အတတ်သင်အလွယ်ဆုံးကတော့မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ် ဒီတော့ဘာလုပ်မလဲ
စိတ်ရှိလက်ရှိအရင်အတိုင်းလုပ်ချင်သေးသလား ရုပ်သေးရုပ်တွေ၊ကျားကွက်ရွှေ့နေသလိုတွေမလုပ်နဲ့နော်
တန်ပြန်င်္ပြီးလုပ်သွားရင်တော့မခက်ပေဘူးလား..................................................။
ရေးသူ(DEMO.je)

Subscribe to:
Comments (Atom)